Sunday, June 26, 2011

မာလ်တီမီဒီယာ - ဓါတ်ပုံကဏ္ဍ

မြို့သုံးမြို့တွင် ဗုံးဆက်တိုက် ပေါက်ကွဲ :: 
ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့်ပါဂျယ်ရိုကားမှ အစိတ်အပိုင်းတခုကို တွေ့ရစဉ်။ 
မန္တလေးမြိုတွင် ရပ်နားထားသော ကားပေါ်မှ ဗုံးတလုံးပေါက်ကွဲခဲ့သည်။ 
နေပြည်တော်နှင့် မေမြို့တို့တွင်လည်း တပြိုင်တည်း ဗုံးပေါက်ကွဲမှု သောကြာနေ့
 ဇွန် ၂၄ ရက်၊ ၂ဝ၁၁ ခုနှစ်က ဖြစ်ပွားသည်။ ဓာတ်ပုံ- မဇ္ဈိမ မြန်မာအစိုးရမှ KIO/KIA အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းပေါ် 
မလေးနိုင်ငံ ကွာလာလမ်ပူ မြန်မာသံရုံးရှေ့ ကချင်များ ဆန့်ကျင်ဆန္ဒပြနေပုံ။ 
Photo: KNG မြန်မာအစိုးရမှ KIO/KIA အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းပေါ် 
မလေးနိုင်ငံ ကွာလာလမ်ပူ မြန်မာသံရုံးရှေ့ ကချင်များ ဆန့်ကျင်ဆန္ဒပြနေပုံ။ 
Photo: KNG အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ တွင် ချင်း ဒုက္ခသည် ၂၅၀၀ ကျော်က 
၎င်းတို့ ၏အရေးကိစ္စနဲ့ ပတ်သက်၍ ပိုမိုလေးထား ဆောင်ရွက်ပေး ရန် 
တောင်းဆိုသည့်အနေဖြင့် ဇွန်လ ၂၀ ရက်နေ့တွင်ကျရောက်သော နှစ် ၆၀ မြောက် ကမ္ဘာ့
 ဒုက္ခသည်များနေ့ တွင် ချီတက်ဆန္ဒပြခဲ့ကြီး ဓာတ်ပုံ ခိုနူမ်းထုန်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ တွင် ချင်း ဒုက္ခသည် ၂၅၀၀ ကျော်က 
၎င်းတို့ ၏အရေးကိစ္စနဲ့ ပတ်သက်၍ ပိုမိုလေးထား ဆောင်ရွက်ပေး ရန် 
တောင်းဆိုသည့်အနေဖြင့် ဇွန်လ ၂၀ ရက်နေ့တွင်ကျရောက်သော နှစ် ၆၀ မြောက် ကမ္ဘာ့
 ဒုက္ခသည်များနေ့ တွင် ချီတက်ဆန္ဒပြခဲ့ကြ။ ဓာတ်ပုံ ခိုနူမ်းထုန်း မယ်လဒုက္ခသည်စခန်းတွင် ယနေ့ ဇွန်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် 
နှစ် (၆၀)မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားပွဲ ဓါတ်ပုံ- ကေအိုင်စီ မယ်လဒုက္ခသည်စခန်းတွင် ယနေ့ ဇွန်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် 
နှစ် (၆၀)မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားပွဲဓါတ်ပုံ- ကေအိုင်စီ  ဘုရားသုံးဆူမြို့တွင် လက်နက်အဖွဲ့ တဖွဲ့ ဝင်ရောက် ပစ်ခတ်ပြီး 
မီးလောင်ပျက်စီးသွားသည့် ဦးအောင်တင်ဝင်း၏ အိမ်ဆိုင် (ဓာတ်ပုံ- IMNA)  အကျဉ်းကျ SNLD သျှမ်းခေါင်းဆောင် မိသားစုဝင်အား 
ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံအားပေး :: ဒေါ်စုအောင်ဆန်းစုကြည်၊ ဒေါ်ဝေဝေလွင်၊ 
နန်းခမ်းအောင်၊ နန်းခင်အုန်းတင့် (ဝဲမှယာ)  နာဂစ်ဆိုင်ကလုန်းတွင် လူမှုရေးလုပ်ငန်းများကူညီမှုကြောင့် 
အကျဉ်းထောင်ကျခံရသော စွယ်စုံရ ဟာသလူရွှင်တော် ဇာဂနာ၏ပုံတူကို အမေရိကန် 
ပန်းပုဆရာ Jim McNails ထုလုပ်နေစဉ်ကိုမြင်တွေ့ရပုံ (ဓာတ်ပုံ- မဇျွိမ)  ဇွန်လ ၁၀ ရက်နေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဌာနချုပ်၌ လာမည့် ဇွန်လ ၁၉ 
ရက်နေ့တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်မွေးနေ့ပွဲအတွက် 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သီချင်းဆိုပြိုင်ပွဲ ကျင်းပ။ (ဓာတ်ပုံ- 
မဇျွိမ)  သိရိလင်္ကာရေတပ်မှ မေလတွင် ကယ်ဆယ်ထားသည့် တံငါသည်များကို 
ရန်ကုန်မြို့ရှိ မြန်မာ့ငါးဖမ်းလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမဆောင်တွင်
 ဇွန်လ ၉ ရက်နေ့တွင် မြင်တွေရစဉ်။ ပျောက်ဆုံးနေသည့် တံငါသည် 
မိသားစုဝင်များမှ ကျပ်ငွေ ၁၅၀,၀၀၀ (US$ 175) လက်ခံရရှိသည်။ တံငါသည် ၄၇၀ 
ခန့်ပျောက်ဆုံးနေသည်ဟုခန့်မှန်းထားသည်။ ဓာတ်ပုံ -မဇျွိမ  အိန္ဒိယအကျဉ်းထောင်တွင် ၁၃ နှစ်ကြာ အကျဉ်းထောင်ကျ၍ 
ပြန်လည်လွတ်မြောက်လာသည့် ကရင်ရဲဘော် ၃၄ ဦးနှင့် ရခိုင်ရဲဘော်များ ဓာတ်ပုံ-
 KIC  မယ်လစခန်းမှ မာသာထရီဇာ ကလေးထိန်းကျောင်း(ဓာတ်ပုံ- ကေအိုင်စီ)  အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မြန်မာပြည်မသွားခင် မေလ ၃၁
 ရက်နေ့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင် 
ဦးစီးသော မယ်တော်ဆေးခန်းသို့ လာရောက်လေ့လာခဲ့သည်။(ဓာတ်ပုံ- ကေအိုင်စီ)  အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မြန်မာပြည်မသွားခင် မေလ ၃၁
 ရက်နေ့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင် 
ဦးစီးသော မယ်တော်ဆေးခန်းသို့ လာရောက်လေ့လာခဲ့သည်။(ဓာတ်ပုံ- ကေအိုင်စီ)  အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မြန်မာပြည်မသွားခင် မေလ ၃၁
 ရက်နေ့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင် 
ဦးစီးသော မယ်တော်ဆေးခန်းသို့ လာရောက်လေ့လာခဲ့သည်။(ဓာတ်ပုံ- ကေအိုင်စီ)  အမေရိကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်း အား NLD မှ ဖွင့်လှစ်ထားသော 
HIV/AIDS ဝေဒနာသည်များ ကူညီစောင့်ရှောက်ရေး ဂေဟာ ကလေးများမှ 
ပန်းလက်ဆောင်ပေးစဉ် (ဓာတ်ပုံ- မဇျွိမ)  မေလ ၂ ရက်နေ့ ၂၀၁၁ ကြာသပတေးနေ့ အမေရိကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်း 
နှင့် မဖြူဖြူသင်း (ဓာတ်ပုံ-မဇျွိမ)  (၂၀၁၁-၂၀၁၂) ပညာသင်နှစ် - ဇွန်လ ၁ ရက်နေ့ မန္တလေး အထက (၁၃) မှ 
ကျောင်းသူ/ကျောင်းသားများအာ ကြိုပို့သော ဆွေမျိုးမိဘများ (ဓာတ်ပုံ-မဇျွိမ)  ရခိုင် တစ်မျိုးသားလုံး အထွတ်အမြတ်ထားရာ ကျောက်တော် မဟာမုနိ 
သိမ်ကျောင်းတော်ကိုလည်း စစ်တပ်က ထိန်းချုပ်ထားသည်။ Photo: Narinjara  ပြည်နယ်-ပြည်မ တပြေးညီ တိုးတက်ရေး စီမံကိန်းအောက်တွင် 
ရခိုင်-ရန်ကုန် ကားလမ်း ရခိုင်ဘက်၌ ဖြစ်ပျက်နေပုံကို ဤသို့ 
မြင်တွေ့နိုင်သည်။ Photo: Narinjara  ကရင်နီပြည်တွင်းမှ စာသင်နေသည့် မူလတန်းကျောင်းခန်းတစ်ခန်း Photo: 
Kantarawaddy Time  ရွှေပညာအခမဲ့သင်တန်း :: မန္တလေးမြို့ အောင်သမာဓိရွှေဆိုင်က 
ပို့ချပေးသော ရွှေပညာအခမဲ့သင်တန်း အမှတ်စဉ် ၈ ဖွင့်ပွဲကို သောကြာနေ့ မေလ ၂ဝ 
ရက်၊ ၂ဝ၁၁ ခုနှစ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- ကိုစကြီး/မဇ္ဈိမ။ တနေ့စာသင်ချိန် 
လေးနာရီနှုန်းဖြင့် ၁၂ ရက်ကြာ သင်တန်းကို တနေ့လျှင် သင်တန်းသား ၆ဝဝ အထိ 
လက်ခံသင်ကြားပေးနေသည်။ အောင်သမာဓိ၏ ရွှေပညာအခမဲ့သင်တန်းသို့ တက်ရောက်ပြီးသူ 
၂၅ဝဝ ကျော်ရှိသွားပြီ ဖြစ်သည်။  ဂျိုးဇက်ဝိုင်ယွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ :: အမေရိကန် 
ဒုလက်ထောက်နိုင်ငံခြားရေး ဂျိုးဇက်ဝိုင်ယွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ 
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ မြန်မာ့ဒီမိုကရေစီခေါင်းဆာင်၏ 
နေအိမ်တွင် ဆွေးနွေးမှုအပြီး ကြာသပတေးနေ့ မေလ ၁၉ ရက်၊ ၂ဝ၁၁ ခုနှစ်က 
သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။  ၁၃ နှစ်ကြာ အထိန်းသိမ်းခံဘဝဖြင့် ရခိုင်နှင့် ကရင် မျိုးချစ်သူပုန် 
၃၁ ဦး :: အောင်မြင်ခြင်းအထိမ်းအမှတ် အမှတ်အသားကိုယ်စီပြသနေသော 
မြန်မာမျိုးချစ်သူပုန် ၃၁ ဦးကို အိန္ဒိယနိုင်ငံ ကလကတ္တားရှိ အကျဉ်းထောင်မှ 
လွတ်မြောက်အပြီး ကြာသပတေးနေ့ မေလ ၁၉ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ 
ဓာတ်ပုံ-မဇ္ဈိမ။ ကုလသမဂ္ဂဒုက္ခသည် မဟာမင်းကြီးရုံးက ဒုက္ခသည်အဖြစ် 
အသိအမှတ်ပြုပြီးနောက် လွတ်မြောက်လာခြင်း ဖြစ်သည်။  သိန္နီမြို့အနီး အေးရှားဝေါလ်တိုးဂိတ် (Photo: MG/S.H.A.N.) မေလ ၁၇ ရက်နေ့ ရန်ကုန်အင်းစိန်ထောင်ရှေ့တွင် လွတ်မြောက်လာမည့် 
အကျဉ်းသားများကို စုဝေးစောင့်ဆိုင်းနေကြသော အကျဉ်းသားများ၏ 
ဆွေမျိုးမိတ်ဆွေ၊ သူငယ်ချင်းများ နှင့် စာနယ်ဇင်းသမားများ (ဓါတ်ပုံ - 
မဇ္ဈိမ) ရန်ကုန်အင်းစိန်ထောင်ရှေ့တွင် လွတ်မြောက်လာမည့် အကျဉ်းသားကို 
စောင့်နေသည့် မွေးကင်းစကလေးငယ်အားပွေ့ချီထားသည့်မိခင် (ဓါတ်ပုံ - မဇ္ဈိမ)  ဒေါ်စုနှင့် နမ်ဘီးယား :: မြန်မာ့ဒီမိုကရေစီခေါင်းဆောင် 
ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် 
မစ္စတာ ဗီဂျေး နမ်ဘီးယား Vijay Nambiar ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း
 နေအိမ်၌ ၂ဝ၁၁ ခုနှစ် မေလ ၁၂ ရက်၊ ကြာသပတေးနေ့တွင် ၂ နာရီခန့်အကြာ 
ဆွေးနွေးမှုအပြီး တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ မြန်မာ့နိုင်ငံရေး 
အပြောင်းအလဲဖြစ်ရန် တိုက်တွန်းနေသော ကုလအထူးကိုယ်စားလှယ်၏ ၃ ရက်ကြာ 
မြန်မာပြည် ခရီးစဉ်မှာ ဦးသိန်းစိန်အစိုးရ ဖွဲ့စည်းပြီးနောက် 
ပထမဆုံးလာရောက်သော ကုလသမဂ္ဂ အဆင့်မြင့်ပုဂ္ဂိုလ် ဖြစ်သည်။  မစ္စတာရော့စ်ဒန်ကလေ (ယာ)နှင့် ဒေါက်တာ တင်ထွန်းဦး :: 
မစ္စတာရော့စ်ဒန်ကလေ (ယာ)နှင့် ဒေါက်တာ တင်ထွန်းဦးတို့ကို 
တရားခွင်ပြီးဆုံးပြီးနောက် မေလ ၁၂ ရက် ၂ဝ၁၁ ခုနှစ် နေ့လည် ၁၂ နာရီ ၁၅ 
မိနစ်အချိန်က ကမာရွတ်မြို့နယ် တရားရုံးရှေ့တွင် တွေ့ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ)
 ယနေ့တရားခွင်တွင် တရားလိုမခိုင်ဇာလင်းက အမှုရုတ်သိမ်းခွင့် 
လျှောက်ထားခဲ့ပြီးနောက် တရားခွင်ကို မေလ ၂၄ ရက်နေ့တွင် ဆက်လက်စစ်ဆေးမည်ဟု 
ချိန်းဆိုသတ်မှတ်လိုက်သည်။  ရန်ကုန်တိုင်းလွှတ်တော် သတင်းစာရှင်းလင်းပွဲ :: 
ရန်ကုန်တိုင်းလွှတ်တော်တွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် 
သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားနေသည့် ဝန်ကြီး ဦးဥာဏ်ထွန်းဦး၊
 ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းနှင့် 
ပြည်တွင်းသတင်းဂျာနယ်များမှာ သတင်းသမားများကို မေလ (၁ဝ) ရက် ၂ဝ၁၁ ခုနှစ် 
ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) ထောက်ပံ့ငွေပေးအပ်ပွဲ :: နိုင်ငံရေးအကျဉ်းသား မိသားစုများအား 
ထောက်ပံ့ငွေပေးအပ်ပွဲကို အင်္ဂါနေ့ မေလ ၁ဝ ရက်၊ ၂ဝ၁၁ ခုနှစ်က ရန်ကုန်မြို့ 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင်ကျင်းပရာ အတိုက်အခံခေါင်းဆောင် 
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ  ၁၃ နှစ်ပြည့် မန္တလေး နာရေးအသင်း :: ၁၃ နှစ်ပြည့် မန္တလေးမြို့ 
ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂ဝ၁၁ ခုနှစ် မေ ၇ 
ရက်၊ စနေနေ့ မနက်ပိုင်းတွင် ပြုလုပ်ရာ သြဝါဒစရိယဆရာတော် ၈ ပါး၏ သြဝါဒကို 
ခံယူနေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ အသင်းကြီးက နာရေးကူညီမှု၊ ကျန်းမာရေး 
ကူညီစောင့်ရှောက်မှုနှင့် သဘာဝဘေးအန္တရာယ် ကူညီမှုများ ပြုလုပ်လျက်ရှိသည်။ မီဇိုရမ်အာဏာပိုင်တွေက မြန်မာနိုင်ငံသား အယောက် ၄၀ ကို ဒီကနေ့ ဧပြီလ 
၃၀ ရက် ညနေပိုင်း ၄ နာရီမှာ အိုင်ဇောလ်မြို့ကနေ 
အိန္ဒိယ-မြန်မာနယ်စပ်သို့ပို့ဆောင်ခဲ့သည်။ နယ်စပ်ကိုအပို့ခံရတဲ့သူတွေမှာ 
ချင်းလူမျိုးတွေဖြစ်ပြီး အမျိုးသမီး ၁၅ ဦးနှင့်အမျိုးသား၂၅ ဦးစုစုပေါင်း 
အယောက် ၄၀ ဖြစ်ပါတယ်။ Photo: Khonumthung နာမည်ဆိုးဖြင့် ကျော်ကြားလှသော အင်းစိန်ထောင် :: နာမည်ဆိုးဖြင့် 
ကျော်ကြားလှသော အင်းစိန်ထောင်ရှေ့မှ ကလေးငယ်တဦး ကြာသပတေးနေ့ မေလ ၅ ရက်၊ 
၂ဝ၁၁ ခုနှစ်က ဖြတ်လျှောက်သွားစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ 
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား 
လွှတ်ပေးမည်ဆိုသော ကောလာဟလကြောင့် သတင်းစာဆရာများ တနေကုန် 
စောင့်ဆိုင်းနေခဲ့သလို ရဲလုံခြုံရေး အများအပြား ချထားခဲ့သော်လည်း 
လွှတ်ပေးခြင်းမရှိပေ။ ဥရောပနေ့ ညစာစားပွဲ ကျင်းပ :: မြန်မာနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး
 ဦးမောင်မြင့်ကို ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံများမှ သံအမတ်များနှင့်အတူ
 ရန်ကုန်မြို့ ချတ်ထရီယမ်ဟိုတယ်တွင် ၂ဝ၁၁ ခုနှစ် မေလ ၃ ရက်၊ အင်္ဂါနေ့၌ 
ပြုလုပ်သည့် ဥရောပနေ့ အထိမ်းအမှတ် ညစာစားပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - 
မဇ္ဈိမ)။ ညစာစားပွဲသို့ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီခေါင်းဆောင် 
ဒေါက်တာသန်းငြိမ်းနှင့် ဦးခင်မောင်ဝင်း၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ 
ဦးသုဝေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အကြံပေး ဒေါက်တာခင်ဇော်ဝင်းလည်း 
တက်ရောက်ခဲ့သည်။ ဥရောပနေ့ ညစာစားပွဲ :: ဥရောပသမဂ္ဂ EU သံအမတ်ကြီး မစ္စတာ H.E David 
Lipman နှင့် မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်တို့ကို 
ရန်ကုန်မြို့ ချတ်ထရီယမ်ဟိုတယ်တွင် ၂ဝ၁၁ ခုနှစ် မေလ ၃ ရက်၊ အင်္ဂါနေ့ 
ညပိုင်း၌ ပြုလုပ်သည့် ဥရောပနေ့ အထိမ်းအမှတ်ပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - 
မဇ္ဈိမ)။ အင်းစိန်ထောင်အုတ်ရိုး အပြင်ဘက်တွင် သိမ်လောင်းရန် ပြင်ဆင်နေကြသူများ 
:: အင်းစိန်ထောင်အုတ်ရိုး အပြင်ဘက်တွင် သိမ်ဆင်းလောင်းရန် 
ပြင်ဆင်နေကြသူများကို ဧပြီလ ၈ ရက် ၂ဝ၁၁ ခုနှစ် မနက်ပိုင်းက တွေ့မြင်ရစဉ်။ 
(ဓာတ်ပုံ-မဇ္ဈိမ) အကျဉ်းဦးစီးဌာန၏ စတုတ္ထအကြိမ်မြောက် 
ရဟန်းခံရှင်ပြုပွဲအဖြစ် လွတ်လူအကျဉ်းသား ဒုလ္လဘ ၃၂ ပါး၊ 
ဝန်ထမ်းနှင့်မိသားစုဝင် ဒုလ္လဘများအပါအဝင် စုစုပေါင်း ၁၃၃ ပါးကို 
ရဟန်းခံပေးခဲ့ကြောင်း သိရသည်။ သိမ်လောင်းရန် ပြင်ဆင်နေကြသည့် အကျဉ်းသူများ :: အင်းစိန်ထောင်အုတ်ရိုး
 အပြင်ဘက်တွင် သိမ်ဆင်းလောင်းရန် ပြင်ဆင်နေကြသည့် အကျဉ်းသူများကို ဧပြီလ ၈ 
ရက် ၂ဝ၁၁ ခုနှစ် မနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ) 
အကျဉ်းဦးစီးဌာန၏ စတုတ္ထအကြိမ်မြောက် ရဟန်းခံရှင်ပြုပွဲအဖြစ် 
လွတ်လူအကျဉ်းသား ဒုလ္လဘ ၃၂ ပါး၊ ဝန်ထမ်းနှင့်မိသားစုဝင် ဒုလ္လဘများအပါအဝင် 
စုစုပေါင်း ၁၃၃ ပါးကို ရဟန်းခံပေးခဲ့ကြောင်း သိရသည်။ စစ်တပ်ပိုင် မြဝတီနေ့စဉ်သတင်းစာ :: စစ်တပ်ပိုင် 
မြဝတီနေ့စဉ်သတင်းစာသည် ဧပြီ ၂ ရက်နေ့မှစတင် ထွက်ရှိလာပြီ ဖြစ်သည်။ 
သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်အောက်တွင် အစိုးရနှင့် စစ်တပ်အာဘော်
 စာနယ်ဇင်း ရေဒီယိုနှင့် ရုပ်မြင်သံကြားများ ပိုမိုထွက်ရှိလာမှာဖြစ်သည်။ 
(ဓာတ်ပုံ- မဇ္ဈိမ)။
၂၀၁၁ ဇန်နဝါရီ-ဖေဖော်ဝါရီလ ဓါတ်ပုံများ

No comments:

Post a Comment