Saturday, June 25, 2011

မဇ္ဈိမ ၂၀၁၁ ခုနှစ် ဇွန်လ ဓါတ်ပုံများ


စစ်ပြေး ဒုက္ခသည်များအား နိုင်ငံတကာက အကူအညီပေးရန် ဆန္ဒပြတောင်းဆို :: 
ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ၏ ထိုးစစ်များကြောင့် ထွက်ပြေးနေကြသည့် 
စစ်ပြေး ဒုက္ခသည်များအား နိုင်ငံတကာအနေဖြင့် အကူအညီပေးရန် အတွက် 
အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ကချင်တိုင်းရင်းသားများနှင့် 
ဒီမိုကရေစီအင်အားစုများက မြို့လယ်ရှိ ဂျန်တာမန်တားအရပ်၌ ဇွန်လ ၂၄ ရက် ၂ဝ၁၁ 
ခုနှစ်၊ သောကြာ နေ့လည်ပိုင်းတွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ ဗုံးပါက်ကွဲမှု ဖြစ်ပွားပြီးနောက် လာရောက် ကြည့်ရှု့နေသူများ :: 
ပြင်ဦးလွင်မြို့ ထောက်ပို့ဘက်လမ်းခွဲ ရပ်ကွက် ၄ ထဲရှိ နှစ်ထပ်အိမ် 
တလုံးတွင် ဗုံးပါက်ကွဲမှု ဖြစ်ပွားပြီးနောက် လာရောက် ကြည့်ရှု့နေသူများကို 
သောကြာနေ့ ဇွန်လ ၂၄ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ 
ပြင်ဦးလွင်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဗုံးများ 
တပြိုင်တည်းပေါက်ကွဲမှု ဖြစ်ပွားသည်။ ဗုံးပါက်ကွဲမှု ဖြစ်ပွားပြီးနောက် လာရောက် ကြည့်ရှု့နေသူများ :: 
ပြင်ဦးလွင်မြို့ ထောက်ပို့ဘက်လမ်းခွဲ ရပ်ကွက် ၄ ထဲရှိ နှစ်ထပ်အိမ် 
တလုံးတွင် ဗုံးပါက်ကွဲမှု ဖြစ်ပွားပြီးနောက် လာရောက် ကြည့်ရှု့နေသူများကို 
သောကြာနေ့ ဇွန်လ ၂၄ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ 
ပြင်ဦးလွင်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဗုံးများ 
တပြိုင်တည်းပေါက်ကွဲမှု ဖြစ်ပွားသည်။ မန္တလေး ဗုံးပေါက်ကွဲမှု :: မန္တလေး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် 
စစ်ဘက်က ရောက်ရှိစစ်ဆေးနေသည်ကို တွေ့ရစဉ်။ ရပ်ထားသော ပါဂျယ်ရိုကားပေါ်တွင် 
ဗုံးပေါက်ကွဲမှု သောကြာနေ့ ဇွန်၂၄ ရက်နေ့လည်က ဖြစ်ပွားခဲ့သောကြောင့် 
အနည်းဆုံး လူ တဦး ဒဏ်ရာရသွားသည်။ ဓာတ်ပုံ - Sytmhone မန္တလေး ဗုံးပေါက်ကွဲမှု :: ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် 
လွင့်ကျန်ရစ်သော ဗုံးစတခု။ မန္တလေးမြို့လယ်တွင် ရပ်နားထားသော ကားတစီးပေါ်တွင်
 ဗုံးပေါက်ကွဲမှု သောကြာနေ့ ဇွန် ၂၄ ရက်နေ့က ဖြစ်ရာ အနည်းဆုံး လူတဦး 
ဒဏ်ရာရသွားသည်။ ဓာတ်ပုံ - Sytmhone မန္တလေး ဗုံးပေါက်ကွဲမှု ::ဗုံးကွဲမှု ဖြစ်ပွားအပြီး ပျက်စီးကျန်ရစ်သော 
ပါဂျယ်ရိုကားကို လူအများ ဝိုင်းအုံကြည့်နေစဉ်။ ဓာတ်ပုံ- Sytmhone 
မန္တလေးဈေးချို ဟိုတယ်ရှေ့တွင် ရပ်ထားသော ပါဂျယ်ရို ကားတစီးပေါ်တွင် 
သောကြာနေ့ ဇွန် ၂၄ ရက်၊ ၂ဝ၁၁ ခုနှစ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ပါဂျယ်ရိုကားတွင် ဗုံးပေါက်ကွဲ :: မန္တလေးဈေးချို ဟိုတယ်ရှေ့တွင် 
ရပ်ထားသော ပါဂျယ်ရို ကားတစီးပေါ်တွင် သောကြာနေ့ ဇွန် ၂၄ ရက်၊ ၂ဝ၁၁ 
ခုနှစ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ- Citizen 
Journalist စုပုံနေသော ကွန်တိန်နာ အခွံများ :: ကွန်တိန်နာ အလွတ်များအား 
သာကေတမြို့နယ် ရွှေပုစွန်အအေးနှင့် မုန့်ဆိုင်ကြီးနှင့် ဟိုက်ပါမားကက်ကြား 
မြေကွက်လပ်၌ ပြောင်းရွှေ့ ထားသည်ကို ကြာသပတေးနေ့ ဇွန်လ ၂၂ ရက် ၂ဝ၁၁ ခုနှစ်၊ 
ဗုဒ္ဓဟူးနေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ) ။ ယခုအခါ 
ပို့ကုန်လျော့ကျခြင်းနှင့် ဆိပ်ကမ်းများ၌ ကွန်တိန်နာ သယ်စက်များ 
မလုံလောက်ခြင်းကြောင့် မြေကွက်လပ်များ၌ ကွန်တိန်နာ အခွံများ ထားကြရသည်။ 
သာကေတ ကြယ်ငါးပွင့်၊ သီလဝါ၊ မြန်မာ့ဆိပ်ကမ်း၊ အေးရှားဝေါလ်၊ ဗိုလ်တထောင် 
ဆိပ်ကမ်းများ အပါအဝင် ကုန်တင်ကုန်ချ ဆိပ်ကမ်းများ၌ ကွန်တိန်နာအခွံများ 
ပြည့်နေသည်။ ကွန်တိန်နာ ပေ ၂ဝ အရွယ်၊ ပေ ၄ဝ အရွယ် ၂ မျိုးရှိရာ တလုံးလျှင် 
တနေ့ထားခအတွက် ကျပ် ၆ဝဝဝ မှ ၉ဝဝဝ ကျပ်နှင့် ၁၃ဝဝဝ ကျပ်အထိ ဈေးရှိသည်။ စုပုံနေသော ကွန်တိန်နာ အခွံများ :: ကွန်တိန်နာ အလွတ်များအား 
သာကေတမြို့နယ် ရွှေပုစွန်အအေးနှင့် မုန့်ဆိုင်ကြီးနှင့် ဟိုက်ပါမားကက်ကြား 
မြေကွက်လပ်၌ ပြောင်းရွှေ့ ထားသည်ကို ကြာသပတေးနေ့ ဇွန်လ ၂၂ ရက် ၂ဝ၁၁ ခုနှစ်၊ 
ဗုဒ္ဓဟူးနေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ) ။ ယခုအခါ 
ပို့ကုန်လျော့ကျခြင်းနှင့် ဆိပ်ကမ်းများ၌ ကွန်တိန်နာ သယ်စက်များ 
မလုံလောက်ခြင်းကြောင့် မြေကွက်လပ်များ၌ ကွန်တိန်နာ အခွံများ ထားကြရသည်။ 
သာကေတ ကြယ်ငါးပွင့်၊ သီလဝါ၊ မြန်မာ့ဆိပ်ကမ်း၊ အေးရှားဝေါလ်၊ ဗိုလ်တထောင် 
ဆိပ်ကမ်းများ အပါအဝင် ကုန်တင်ကုန်ချ ဆိပ်ကမ်းများ၌ ကွန်တိန်နာအခွံများ 
ပြည့်နေသည်။ ကွန်တိန်နာ ပေ ၂ဝ အရွယ်၊ ပေ ၄ဝ အရွယ် ၂ မျိုးရှိရာ တလုံးလျှင် 
တနေ့ထားခအတွက် ကျပ် ၆ဝဝဝ မှ ၉ဝဝဝ ကျပ်နှင့် ၁၃ဝဝဝ ကျပ်အထိ ဈေးရှိသည်။ ရထားလမ်း သံတံတားတခုကို လက်နက်ကိုင်တစုက ဖောက်ခွဲ ဖျက်ဆီး :: 
နယ်ခြားစောင့်တပ်ဖွဲ့ တစုကို မြစ်ကြီးနား ရထားဘူတာရုံ အနီး ဗုဒ္ဒဟူးနေ့ ၂၂ 
ရက်၊ ဇွန်လ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ မြို့နှင့် ဆက်သွယ်ထားသည့် တခုတည်းသော 
ရထားလမ်း သံတံတားတခုကို အင်္ဂါနေ့ညက အမည်မသိ လက်နက်ကိုင် တစုက ဖောက်ခွဲ 
ဖျက်ဆီး သွားပြီးနောက် မြစ်ကြီးနားသို့ ရထားပြေးဆွဲမှုများ ရပ်ဆိုင်းနေသည်။ 
မြစ်ကြီးနားမြို့ပြင် တမိုင်ခန့် ကွာဝေးသော အရပ်မှ တံတားကို 
ချိုးပစ်လိုက်ကြခြင်း ဖြစ်သည်။ ရထားလမ်း သံတံတားတခုကို လက်နက်ကိုင်တစုက ဖောက်ခွဲ ဖျက်ဆီး :: 
နယ်ခြားစောင့်တပ်ဖွဲ့ တစုကို မြစ်ကြီးနား ရထားဘူတာရုံ အနီး ဗုဒ္ဒဟူးနေ့ ၂၂ 
ရက်၊ ဇွန်လ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ မြို့နှင့် ဆက်သွယ်ထားသည့် တခုတည်းသော 
ရထားလမ်း သံတံတားတခုကို အင်္ဂါနေ့ညက အမည်မသိ လက်နက်ကိုင်တစုက ဖောက်ခွဲ 
ဖျက်ဆီး သွားပြီးနောက် မြစ်ကြီးနားသို့ ရထားပြေးဆွဲမှုများ ရပ်ဆိုင်းနေသည်။ 
မြစ်ကြီးနားမြို့ပြင် တမိုင်ခန့် ကွာဝေးသော အရပ်မှ တံတားကို 
ချိုးပစ်လိုက်ကြခြင်း ဖြစ်သည်။ မစ္စတာ ရောဘတ်ကူးပါးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ :: 
သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ဥရောပသမဂ္ဂ ဒုတိယဥက္ကဌနှင့် 
နိုင်ငံခြားရေးရာနှင့် လုံခြုံရေးရာ အကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ 
ရောဘတ်ကူးပါးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒေါ်အောင်ဆန်းစုကြည်၏ 
နေအိမ်တွင် အင်္ဂါနေ့ ဇွန်လ ၂၁ ရက် ၂ဝ၁၁ ခုနှစ် ညက တွေ့ရစဉ်။ 
(ဓါတ်ပုံ-မဇ္ဈိမ) နေပြည်တော်တွင် ဒုတိယသမ္မတ သီဟသူရ တင်အောင်မြင့်ဦးနှင့် 
တွေ့ဆုံခဲ့သည့် မစ္စတာ ရောဘတ်ကူးပါးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ 
စီအီးစီအဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ၂ နာရီကြာ 
တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ မစ္စတာ ရောဘတ်ကူးပါးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ :: နေအိမ်တွင် 
နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်အပြီး ဥရောပသမဂ္ဂ ဒုတိယဥက္ကဌ၏ 
အကြံပေးပုဂ္ဂိုလ် မစ္စတာ ရောဘတ်ကူးပါးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ 
လက်ဆွဲနှုတ်ဆက်နေသည်ကို အင်္ဂါနေ့ ဇွန်လ ၂၁ ရက် ၂ဝ၁၁ ခုနှစ် ညက တွေ့ရစဉ် 
(ဓါတ်ပုံ-မဇ္ဈိမ) လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ပတ်သတ်၍ 
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီ၏ သဘောထားအမြင်ကို မစ္စတာ 
ရောဘတ်ကူးပါးက မေးမြန်းသွားခဲ့ပြီး သူ၏ ထင်မြင်ချက်များကို ပြန်လည် 
ဆွေးနွေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောသည်။ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ဒေါ်အောင်ဆန်းစုကြည် :: 
ဥရောပသမဂ္ဂ ကိုယ်စားလှယ်နှင့် နှစ်နာရီကြာတွေ့ဆုံဆွေးနွေးမှု ပြုလုပ်အပြီး 
သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို 
အင်္ဂါနေ့ ဇွန်လ ၂၁ ရက် ၂ဝ၁၁ ခုနှစ် ညပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)
 လာမည့်လအတွင်း ခရီးထွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောဆိုသွားခဲ့ပြီး
 အစီအစဉ်များ အတိအကျ ပြုလုပ်ရခြင်းမရှိသေးကြောင်း အစီအစဉ်ရေးဆွဲပြီးပါက 
အသိပေး ထုတ်ပြန်သွားမည်ဟု ပြောဆိုခဲ့သည်။ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ဒေါ်အောင်ဆန်းစုကြည် :: 
ဥရောပသမဂ္ဂ ကိုယ်စားလှယ်နှင့် နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်အပြီး 
သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို 
အင်္ဂါနေ့ ဇွန်လ ၂၁ ရက် ၂ဝ၁၁ ခုနှစ် ညပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)
 ဥရောပသမဂ္ဂ ဒုတိယဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ်နှင့် တွေ့ဆုံရာတွင် 
လက်ရှိဖြစ်ပွားနေသည့် ကချင်ဒေသ တိုက်ပွဲများ အကြောင်း 
ဆွေးနွေးဖြစ်ခဲ့သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စမှာ ပြည်တွင်းမှသာ 
ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ စည်သူမြန်မာ ပညာရေးဖောင်ဒေးရှင်း :: စည်သူမြန်မာ ပညာရေးဖောင်ဒေးရှင်းက
 မန္တလေးမြို့ အောင်မြေသာစံမြို့နယ် သီရိမင်္ဂလာ အနောက်ရပ်ကွက်က ကျောင်း ၆ 
ကျောင်းမှ ဆင်းရဲနွမ်းပါးသော ကျောင်းသူ ကျောင်းသား ၈၆ ယောက်အတွက် 
ပညာသင်စားရိတ်နှင့် တကွ ကျောင်းသုံးပစ္စည်းများ လှူဒါန်းသော အခမ်းအနားကို 
အင်္ဂါနေ့ ၂၁ ရက်၊ ဇွန်လ ၂ဝ၁၁ ခုနှစ်က ကျင်းပခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ စည်သူမြန်မာ ပညာရေးဖောင်ဒေးရှင်း :: စည်သူမြန်မာ ပညာရေးဖောင်ဒေးရှင်းက
 မန္တလေးမြို့ အောင်မြေသာစံမြို့နယ် သီရိမင်္ဂလာ အနောက်ရပ်ကွက်က ကျောင်း ၆ 
ကျောင်းမှ ဆင်းရဲနွမ်းပါးသော ကျောင်းသူ ကျောင်းသား ၈၆ ယောက်အတွက် 
ပညာသင်စားရိတ်နှင့် တကွ ကျောင်းသုံး ပစ္စည်းများ လှူဒါန်းသော အခမ်းအနားကို 
အင်္ဂါနေ့ ၂၁ ရက်၊ ဇွန်လ ၂ဝ၁၁ ခုနှစ်က ကျင်းပခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ ဘဝလုံခြုံရေးကို ချင်းဒုက္ခသည်များ တောင်းဆို :: မိမိတို့၏ 
ဘဝလုံခြုံရေးကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးရန် တောင်းဆိုသည့် 
ဆန္ဒပြပွဲတရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့လယ်ရှိ ဂျန်တားမန်တားအရပ်၌ 
ဇွန်လ ၂၀ ရက် ၂၀၁၁ ခုနှစ်၊ တနင်္လာနေ့ (နှစ် ၆၀ ပြည့် ကမ္ဘာ့ဒုက္ခသည်များနေ့) 
တွင် မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသား ၂၅၀၀ ကျော်က ပြုလုပ်ခဲ့သည်။ 
ဒေသခံများက ၎င်းတို့အပေါ် ကျူးလွန်သည့် ပြစ်မှုများကို အိန္ဒိယအစိုးရနှင့် 
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အရေးယူရန် 
ပျက်ကွက်နေသည်ဟု ဆိုကြသည်။ လွန်ခဲ့သည့် ၃ လအတွင်း ၎င်းတို့အပေါ် 
ကျူးလွန်ခဲ့သည့် အမှုပေါင်း ၁၅ ခုကို သက်ဆိုင်ရာ ရဲစခန်းများသို့ 
တိုင်ကြားခဲ့သော်လည်း အရေးယူမှု မရှိဟု ဆန္ဒပြပွဲကို ဦးဆောင်ကျင်းပသည့် 
ချင်းဒုက္ခသည်ကော်မတီ CRC က ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ :: အစိုးရတပ်များနှင့် တိုက်ပွဲများ 
ဖြစ်ပွားလျက်ရှိသော ကချင်အမျိုးသား လွတ်လပ်ရေးအဖွဲ့၏ ဗဟိုဌာနချုပ်ရှိရာ 
လိုင်ဇာမြို့တွင်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆
 နှစ်မြောက် မွေးနေ့ပွဲကို တနင်္ဂနွေနေ့ ၁၉  ရက်၊ ဇွန်လ ၂ဝ၁၁ ခုနှစ်တွင် 
ကျင်းပပြုလုပ်ခဲ့ကြရာ အခမ်းအနားအတွက် လုံခြုံရေးတာဝန် ယူထားသော 
ကချင်ရဲဘော်တဦးကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ 
အမှတ်တရ လက်မှတ်ရေးထိုးခြင်းများကို ကချင်လွတ်လပ်ရေး တပ်မတော်သားများလည်း 
ပါဝင် ရေးထိုးခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ :: ကချင်လွတ်လပ်ရေး တပ်မတော် 
စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ 
အမှတ်တရ လက်မှတ်ရေးထိုးခြင်းကို တနင်္ဂနွေ ဇွန် ၁၉ ရက်နေ့ ပြုလုပ်နေစဉ်။ 
ဓာတ်ပုံ- မဇ္ဈိမ။ အစိုးရတပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေသော ကေအိုင်အို 
ထိန်းချုပ်ထားရာ နယ်စပ်မြို့ လိုင်ဇာတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ 
၆၆ နှစ်မြောက် မွေးနေ့ပွဲအမှတ်တရ အခမ်းအနား ကျင်းပခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ :: ကချင်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ထားရာ 
လိုင်ဇာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်မွေးနေ့ပွဲ အထိမ်းအမှတ် 
အခမ်းအနားကို တနင်္ဂနွေနေ့ ၁၉ ရက်၊ ဇွန် ၂ဝ၁၁ ခုနှစ် ကျင်းပခဲ့သည်။ ABSDF 
တပ်ဖွဲ့ဝင်ဟောင်းများနှင့် ဒီမိုကရေစီလှုပ်ရှားသူများက ကြီးမှူးကျင်းပသော 
အခမ်းအနားသို့ ကချင်ခေါင်းဆောင်များ ပါဝင် တက်ရောက်ခဲ့ကြသလို ဗုဒ္ဓဘာသာ၊ 
ခရစ်ယာန်ဘာသာဖြင့် မွေးနေ့ဆုတောင်းခြင်းများ ပါဝင်သည်။ စစ်ဘေးရှောင် 
ဒုက္ခသည်များအတွက် ABSDF တပ်ဖွဲ့ဝင်ဟောင်းများနှင့် 
ဒီမိုကရေစီလှုပ်ရှားသူများက ကျပ်ငွေ သိန်း ၅ဝ ကို ဒေါ်အောင်ဆန်းစုကြည် 
အမည်ဖြင့် လှူဒါန်းခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ :: ကချင်လွတ်လပ်ရေးအဖွဲ့ အတွင်းရေးမှူး 
ဦးလမာဂွန်ဖန်က ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်မြောက် မွေးနေ့ အမှတ်တရ 
လက်မှတ်ရေးထိုးနေစဉ်။ ကေအိုင်အိုဗဟိုဌာနချုပ်ရှိရာ နယ်စပ်မြို့ လိုင်ဇာတွင်
 ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်းအနားကို တင်္နဂနွေနေ့ ၁၉ ရက်၊ ဇွန် ၂ဝ၁၁ 
ခုနှစ်က ကျင်းပခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ :: စစ်ရှောင် ကချင်ဒုက္ခသည်များအတွက် ABSDF
 အဖွဲ့ဝင်များနှင့် ဒီမိုကရေစီလှုပ်ရှားသူများက လှူဒါန်းသော မြန်မာကျပ်ငွေ 
သိန်း ၅ဝ ကို ABSDF အဖွဲ့ဝင်ဟောင်းတဦးက ကေအိုင်အိုအရာရှိသို့ ပေးအပ်နေစဉ်။
 ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့ အခမ်းအနားတခုကို 
လိုင်ဇာမြို့တွင်ကျင်းပရာ ဒုက္ခသည်များအတွက် ငွေလှူဒါန်းသော အစီအစဉ်လည်း 
ထည့်သွင်းခဲ့သည်။ မင်္ဂလာဒုံလေဆိပ်တွင်း တွေ့ဆုံချိန် :: ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်
 ကိုထိန်လင်းတို့ မင်္ဂလာဒုံလေဆိပ်တွင် တွေ့ဆုံချိန်။ (ဓါတ်ပုံ-မဇ္ဈိမ)။ 
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်၏ အသက် ၆၆ နှစ်မြောက် မွေးနေ့ ကျရောက်သော 
တနင်္ဂနွေနေ့ ဇွန်လ ၁၉ ရက်၊ ၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာတလွှားရှိ သူ့ကို 
ထောက်ခံသူများက မွေးနေ့ပွဲများ ကျင်းပကြသည်။ မင်္ဂလာဒုံလေဆိပ်တွင်း တွေ့ဆုံချိန် :: ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်
 ကိုထိန်လင်းတို့ မင်္ဂလာဒုံလေဆိပ်တွင် တွေ့ဆုံချိန်။ (ဓါတ်ပုံ-မဇ္ဈိမ)။ 
ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၆ နှစ်ပြည့် မွေးနေ့ပွဲအမှီ ရောက်ရှိလာသည့် 
ကိုထိန်လင်းသည် မြန်မာနိုင်ငံတွင် ရက်သတ္တပတ် သုံးပတ်ကျော် နေထိုင်မည်ဟု 
သိရသည်။ ကိုထိန်လင်းကို စောင့်ဆိုင်းနေသည့် ဒေါ်အောင်ဆန်းစုကြည် :: သားဖြစ်သူ 
ကိုထိန်လင်းကို ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် ဒေါ်အောင်ဆန်းစုကြည်မှ 
ကြိုနေသည်ကို တနင်္ဂနွေနေ့ ဇွန်လ ၁၉ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- 
မဇ္ဈိမ။ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ကျရောက်သော အသက် ၆၆ နှစ်မြောက် မွေးနေ့ 
အခမ်းအနားများကို ကမ္ဘာတလွှားတွင် သူ့ကို ထောက်ခံသူများက ကျင်းပကြသည်။ ကိုထိန်လင်းကို စောင့်ဆိုင်းနေသည့် ဒေါ်အောင်ဆန်းစုကြည် :: 
ထိုင်းအဲယားဝေး လေကြောင်းလိုင်းဖြင့် ရောက်ရှိလာမည့် သားငယ် ကိုထိန်လင်းကို
 လာရောက် စောင့်ဆိုင်းနေသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် 
ဒေါ်အောင်ဆန်းစုကြည်ကို တနင်္ဂနွေနေ့ ဇွန်လ ၁၉ ရက် ၂ဝ၁၁ ခုနှစ် နံနက်က 
တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)။ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၆ နှစ်ပြည့် 
မွေးနေ့ပွဲအမှီ ရောက်ရှိလာသည့် ကိုထိန်လင်းသည် မြန်မာနိုင်ငံတွင် ရက်သတ္တပတ်
 သုံးပတ်ကျော် နေထိုင်မည်ဟု သိရသည်။ ကမ္ဘာ့ဒုက္ခသည်များနေ့ :: ၂၀၁၁ ခုနှစ်သည် UNHCR တည်ထောင်ခဲ့သည့် အနှစ် 
၆၀ ပြည့်နှစ်ဖြစ်သည်။ ဇွန်လ ၂၀ ရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် 
သတ်မှတ်ဆင်နွှဲကြသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မြန်မာဒုက္ခသည် 
ရှစ်ထောင်ကျော်နေထိုင်သည်။ ယခုနှစ်ဆောင်ပုဒ်မှာ (Do One Thing) 
ဒုက္ခသည်များအတွက် တခုခု လုပ်ဆောင်ပါ ဖြစ်သည်။ (ဓာတ်ပုံ - မဇ္ဈိမ) ကမ္ဘာ့ဒုက္ခသည်များနေ့ :: ၂၀၁၁ ခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့ကို 
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မြန်မာဒုက္ခသည်လူငယ်များ 
ရိုးရာအဆိုအကများဖြင့် ဇွန်လ ၁၈ ရက်ညနေ က ပါဝင်ဆင်နွှဲနေပုံ။ (ဓာတ်ပုံ - 
မဇ္ဈိမ)။ မြန်မာ၊အာဖဂန်နစ်စတန်၊ဆိုမားလီးယား စသည့် ဒုက္ခသည်များ က မိမိတို့
 ရိုးရာအဆိုအကများဖြင့် ဆင်နွဲခဲ့သည့်ပွဲကို နယူးဒေလီရှိ 
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ Don Bosco၊ YMCA စသည့် 
ကူညီစောင့်ရှောက်နေသည့် အဖွဲ့များ ပူးပေါင်း ကျင်းပခဲ့ခြင်း<br 
/> ဖြစ်သည်။ ကမ္ဘာ့ဒုက္ခသည်များနေ့ :: ၂၀၁၁ ခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့ကို 
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မြန်မာဒုက္ခသည်လူငယ်များ 
ရိုးရာအဆိုအကများဖြင့် ဇွန်လ ၁၈ ရက်ညနေ က ပါဝင်ဆင်နွှဲနေပုံ။ (ဓာတ်ပုံ - 
မဇ္ဈိမ) ။ မြန်မာ၊အာဖဂန်နစ်စတန်၊ဆိုမားလီးယား စသည့် ဒုက္ခသည်များ က 
မိမိတို့ ရိုးရာအဆိုအကများဖြင့် ဆင်နွဲခဲ့သည့်ပွဲကို နယူးဒေလီရှိ 
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ Don Bosco၊ YMCA စသည့် 
ကူညီစောင့်ရှောက်နေသည့် အဖွဲ့များ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဒုက္ခသည်များနေ့ :: ၂၀၁၁ ခုနှစ်သည် UNHCR တည်ထောင်ခဲ့သည့် အနှစ် 
၆၀ ပြည့်နှစ်ဖြစ်သည်။ ဇွန်လ ၂၀ ရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် 
သတ်မှတ်ဆင်နွှဲကြသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မြန်မာဒုက္ခသည် 
ရှစ်ထောင်ကျော်နေထိုင်သည်။ ယခုနှစ်ဆောင်ပုဒ်မှာ (Do One Thing) 
ဒုက္ခသည်များအတွက် တခုခု လုပ်ဆောင်ပါ ဖြစ်သည်။ (ဓာတ်ပုံ - မဇ္ဈိမ) ဒုက္ခသည်များ အစုလိုက် အပြုံလိုက် လိုင်ဇာသို့ ရောက်ရှိ :: 
ကချင်လွတ်မြောက်ရေး အဖွဲ့နှင့် အစိုးရတပ်များ၏ တိုက်ပွဲများမှ ဘေးလွတ်ရာ 
ထွက်ပြေးလာကြသော ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ကေအိုင်အို 
ထိန်းချုပ်အခြေစိုက်ရာ လိုင်ဇာသို့ ရောက်ရှိလာခဲ့သည်။ ဒုက္ခသည် အများစုမှာ 
အမျိုးသမီးများနှင့် ကလေးများဖြစ်သည်။ ဓာတ်ပုံ-Citizen journalist ဒုက္ခသည်များ အစုလိုက် အပြုံလိုက် လိုင်ဇာသို့ ရောက်ရှိ :: 
ကချင်လွတ်မြောက်ရေး အဖွဲ့နှင့် အစိုးရတပ်များ၏ တိုက်ပွဲများမှ ဘေးလွတ်ရာ 
ထွက်ပြေးလာကြသော ဒုက္ခသည်များ အစုလိုက် အပြုံလိုက် ကေအိုင်အို 
ထိန်းချုပ်အခြေစိုက်ရာ လိုင်ဇာသို့ ရောက်ရှိလာခဲ့သည်။ ဒုက္ခသည် အများစုမှာ 
အမျိုးသမီးများနှင့် ကလေးများဖြစ်သည်။ ဓာတ်ပုံ-Citizen journalist သီတဂူ ဗုဒ္ဓတက္ကသိုလ် ကျောင်းဆောင်သစ် ဖွင့်ပွဲ :: သီတဂူ ဗုဒ္ဓတက္ကသိုလ် 
ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေသည့် 
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် သီတဂူ အထွေထွေ အတွင်းရေးမှူး 
ဦးဟန်တို့ကို ဇွန်လ ၁၇ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ 
ဖွင့်ပွဲ အခမ်းအနား နောက်ရက်များတွင် နိုင်ငံရေးပါတီများကိုလည်း 
သီတဂူဆရာတော် ဦးဥာဏိဿရက ဖိတ်ကြားထားသည်။ သီတဂူ ဗုဒ္ဓတက္ကသိုလ် ကျောင်းဆောင်သစ် ဖွင့်ပွဲ :: သီတဂူ ဗုဒ္ဓတက္ကသိုလ် 
ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ဒုတိယသမ္မတ သီဟသူရ 
ဦးတင်အောင်မြင့်ဦးကို သောကြာနေ့ ဇွန်လ ၁၇ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက 
တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ။ ဖွင့်ပွဲ အခမ်းအနား နောက်ရက်များတွင် 
နိုင်ငံရေးပါတီများကိုလည်း သီတဂူဆရာတော် ဦးဥာဏိဿရက ဖိတ်ကြားထားသည်။ သီတဂူ ဗုဒ္ဓတက္ကသိုလ် ကျောင်းဆောင်သစ်ဖွင့်ပွဲ :: ရန်ကုန်မြို့တော်ဝန် 
ဦးလှမြင့်နှင့် မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းတို့ကို သီတဂူ 
ဗုဒ္ဓတက္ကသိုလ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပသည့် သောကြာနေ့ 
ဇွန်လ ၁၇ ရက် ၂ဝ၁၁ ခုနှစ်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဖွင့်ပွဲ 
အခမ်းအနား နောက်ရက်များတွင် နိုင်ငံရေးပါတီများကိုလည်း သီတဂူဆရာတော် 
ဦးဥာဏိဿရက ဖိတ်ကြားထားသည်။ မန္တလေး Individual Views ပန်းချီပြပွဲ :: မန္တလေး ပန်းချီဆရာ ၁၁ ဦး 
စုပေါင်းပြသသည့် Individual Views အမည်ရှိ ပန်းချီပြပွဲရှိ ပန်းချီကားချပ် 
တချပ်ကို ဇွန်လ ၁၆ ရက် ၂ဝ၁၁ ခုနှစ်၊ ကြာသပတေးနေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - 
မဇ္ဈိမ)။ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ လမ်း ၈ဝ နှင့် ၂၄ လမ်းဒေါင့်ရှိ 
သီရိဝစ္ဆအနုပညာပြခန်းတွင် ပြသသွားမည်ဖြစ်သည်။ မန္တလေးအနုပညာ အထက်တန်း 
ကျောင်းရှိ ပန်းချီဆရာများလည်း ပါဝင်ရေးဆွဲကာ ပန်းချီကားပေါင်း ၁ဝ၃ ကား 
ပြသထားသည်။ မန္တလေး Individual Views ပန်းချီပြပွဲ ::မန္တလေး ပန်းချီဆရာ ၁၁ ဦး 
စုပေါင်းပြသသည့် Individual Views အမည်ရှိ ပန်းချီပြပွဲသို့ 
လာရောက်ကြည့်ရှုသည့် ပရိသတ်များကို ဇွန်လ ၁၆ ရက် ၂ဝ၁၁ ခုနှစ်၊ 
ကြာသပတေးနေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ
 လမ်း ၈ဝ နှင့် ၂၄ လမ်းဒေါင့်ရှိ သီရိဝစ္ဆ အနုပညာပြခန်းတွင် ပြသသွားမည် 
ဖြစ်သည်။ မန္တလေးအနုပညာ အထက်တန်း ကျောင်းရှိ ပန်းချီဆရာများလည်း 
ပါဝင်ရေးဆွဲကာ ပန်းချီကားပေါင်း ၁ဝ၃ ကား ပြသထားသည်။ ဈေးရောင်းပွဲလာ ဒေါ်အောင်ဆန်းစုကြည် :: ဒေါ်အောင်ဆန်းစုကြည် အမျိုးသား
 ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဈေးရောင်းပွဲတော် ဖွင့်ပွဲသို့ 
တက်ရောက်လာသည်ကို ကြာသပတေးနေ့ ဇွန်လ ၁၆ ရက် ၂ဝ၁၁ ခုနှစ်၊ ကြာသပတေးနေ့ 
မနက်ပိုင်းတွင် တွေ့ရှိရစဉ် (ဓာတ်ပုံ - မဇ္ဈိမ) ။ ဇွန်လ ၁၉ ရက်နေ့တွင် ၆၆ 
နှစ်ပြည့်မည့် သူ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် 
ပါတီရုံးချုပ်ရှိ ဈေးရောင်းပွဲတော်ကို ဇွန်လ ၁၆ ရက်မှ ၁၈ ရက်အထိ နေ့စဉ် 
မနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပမည်။ ဒေါ်စုမွေးနေ့ ဈေးရောင်းပွဲ :: ဒေါ်အောင်ဆန်းစုကြည် 
မွေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးချုပ်တွင် 
ကျင်းပသည့် ဈေးရောင်းပွဲတော်၌ ခင်းကျင်းရောင်းချသည့် ပစ္စည်းများကို 
ကြည့်ရှုနေသည့် သံဃာတော်တပါးကို ကြာသပတေးနေ့ ဇွန်လ ၁၆ ရက် ၂ဝ၁၁ ခုနှစ်၊ 
ကြာသပတေးနေ့ မနက်ပိုင်းတွင် တွေ့မြင်ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ 
ဈေးရောင်းပွဲတော်တွင် ပြည်နယ်နှင့် တိုင်း ပါတီရုံးခွဲများက ဒေသအလိုက် 
ထွက်ကုန်များကို ပြသရောင်းချသည်ကို တွေ့ရသည်။ ဒေါ်စုမွေးနေ့ ဈေးရောင်းပွဲ :: ဒေါ်အောင်ဆန်းစုကြည် 
မွေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးချုပ်တွင် 
ကျင်းပသည့် ဈေးရောင်းပွဲတော်၌ အမှတ်တရပစ္စည်းများ ရောင်းချနေသည့် 
ပါတီဝင်လူငယ်တဦးကို ကြာသပတေးနေ့ ဇွန်လ ၁၆ ရက် ၂ဝ၁၁ ခုနှစ်၊ ကြာသပတေးနေ့ 
မနက်ပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ ဈေးရောင်းပွဲတော်တွင်  
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ရုပ်ပုံများ၊ 
ပါတီအမှတ်တံဆိပ်များ ရိုက်နှိပ်ထားသည့် သော့ချိတ်၊ အင်္ကျီ၊ ဓာတ်ပုံနှင့် 
အခြားပစ္စည်းများ ပြသရောင်းချသည်ကို တွေ့ရသည်။ ရန်ပုံငွေရှာ ဈေးရောင်းပွဲ :: ဒေါ်အောင်ဆန်းစုကြည် 
မွေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးချုပ်တွင် 
ကျင်းပသည့် ဈေးရောင်းပွဲတော်၌ ရောင်းချသည့် သီတဂူဆရာတော်ကြီးနှင့် 
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား ပြသနေသည့် ပါတီဝင် အမျိုးသမီးတဦးကို 
ကြာသပတေးနေ့ ဇွန်လ ၁၆ ရက် ၂ဝ၁၁ ခုနှစ်၊ ကြာသပတေးနေ့ မနက်ပိုင်းတွင် 
တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ ဇွန် ၁၆ ရက်နေ့မှ ၃ ရက်ကြာ ပြုလုပ်မည့် 
ဈေးရောင်းပွဲမှ ရရှိသော အမြတ်ငွေများကို လူမှုရေး လုပ်ငန်းများ၌ 
အသုံးပြုသွားမည်ဟု NLD က ကျေညာထားသည်။ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးရောက်ရှိ :: အမျိုးသား 
ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် 
ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသော ပါတီဗဟိုပြန်ကြားရေး အဖွဲ့ဝင် 
ကိုစိုးမြတ်သူထံ လာရောက်အားပေးနေသည်ကို ဇွန်လ ၁၅ ရက် ၂ဝ၁၁ ခုနှစ်၊ 
ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် တွေ့ရှိရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ စစ်ဘက်အရာရှိတဦး
 ပါဝင်သော လူအုပ်စုတစုနှင့် စားသောက်ဆိုင် တဆိုင်၌ ဇွန်လ ၄ ရက်နေ့ ညပိုင်း 
အချင်းများမှုတွင် ကိုစိုးမြတ်သူ ဓားထိုးခံခဲ့ရခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးရောက်ရှိ :: အမျိုးသား 
ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီး 
ကင်ဆာကုသဆောင်တွင် တက်ရောက်နေသည့် ပါတီဝင် ဦးဘမောင်ထံ 
လာရောက်ကြည့်ရှုအားပေးသည်ကို ဇွန်လ ၁၅ ရက် ၂ဝ၁၁ ခုနှစ်၊ ဗုဒ္ဓဟူးနေ့ 
ညနေပိုင်းတွင် တွေ့ရှိရစဉ် (ဓာတ်ပုံ - မဇ္ဈိမ) အကယ်ဒမီ နွဲ့နွဲ့မူ အသုဘ :: ဒေါ်နွဲ့နွဲ့မူ၏ နောက်ဆုံးခရီးသို့ လာရောက်
 နှုတ်ဆက်သော အကယ်ဒမီ ဦးအောင်လွင်နှင့် အကယ်ဒမီ ဒေါ်ချိုပြုံးကို ဇွန်လ ၁၅ 
ရက် ၂ဝ၁၁ ခုနှစ်၊ ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီတွင် တွေ့ရစဉ် (ဓာတ်ပုံ - 
မဇ္ဈိမ)။ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း 
(ရန်ကုန်) က ရုပ်ကလာပ်အား တာဝန်ယူ ပို့ဆောင်ကာ ရေဝေးသုသာန်ရှိ ခရစ်ယာန် 
ဂိုဏ်းပေါင်းစုံ သုသာန်တွင် ဂူသွင်းသဂြိုင်္ဟ်ခဲ့သည်။ ပန်းပုဆရာ ဂျင်မက်နားလစ် ဇာဂနာပုံထုဆစ် :: အမေရိကန် ပန်းပုဆရာ 
ဂျင်မက်နားလစ် ထုဆစ်လျက်ရှိသော ထောင်ချခံနေရသော လူရွှင်တော် ဇာဂနာ၏ 
ပုံနှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဇာဂနာရုပ်တုများကို မိသားစုသို့ 
လွှဲပြောင်းပေးအပ်မည်ဟု ပန်းပုဆရာကပြောသည်။ ကမာရွတ်မြို့နယ် တရားရုံး တရားခွင်အတွင်း တွေ့ရစဉ် :: ကမာရွတ်မြို့နယ်
 တရားရုံး တရားခွင်အတွင်း တရားသူကြီးရှေ့မှောက်တွင် အစစ်ဆေးခံနေသည့် မစ္စတာ 
ရော့စ်ဒန်ကလေနှင့် နှစ်ဘက်ရှေ့နေများကို အင်္ဂါနေ့ ဇွန်လ ၁၄ ရက် ၂ဝ၁၁ ခုနှစ် 
နေ့လည်က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) မြန်မာတိုင်းမ်ဂျာနယ် အယ်ဒီတာ 
သြစတြေးလျနိုင်ငံသား  မစ္စတာရော့စ်ဒန်ကလေက စွဲချက်များအားလုံး 
ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ထွက်ဆိုသွားသည်။ တရားသူကြီး ရုံးခန်းရှေ့ တွေ့ရစဉ် :: မစ္စတာရော့စ်ဒန်ကလေနှင့် 
ဒေါက်တာတင်ထွန်းဦးတို့ကို ကမာရွတ်မြို့နယ် တရားသူကြီး ရုံးခန်းရှေ့တွင် 
အင်္ဂါနေ့ ဇွန်လ ၁၄ ရက် ၂ဝ၁၁ ခုနှစ် နေ့လည် တရားခွင်အပြီး တွေ့မြင်ရစဉ်။ 
(ဓါတ်ပုံ- မဇ္ဈိမ) အမျိုးသမီးတဦးကို ရိုက်နှက်မှု အပါအဝင် 
အမှုဖြစ်ပေါ်လာပြီးနောက် သြစတြေးလျနိုင်ငံသား မစ္စတာရော့စ်ဒန်ကလေသည် 
မြန်မာတိုင်းမ်ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ရာထူးကို 
ဒေါက်တာတင်ထွန်းဦးထံသို့ လွှဲပြောင်းပေးခဲ့ရသည်။ တရားခွင်အပြီး ရော့စ်ဒန်ကလေကို တွေ့ရစဉ် :: တရားခွင်အပြီး 
ကမာရွတ်မြို့နယ် တရားရုံးအတွင်းမှ ပြန်ထွက်လာသည့် သြစတြေးလျနိုင်ငံသား 
မစ္စတာရော့စ်ဒန်ကလေကို အင်္ဂါနေ့ ဇွန်လ ၁၄ ရက် ၂ဝ၁၁ ခုနှစ် နေ့လည်က 
တွေ့မြင်ရသည်။ (ဓါတ်ပုံ-မဇ္ဈိမ ) ယနေ့စစ်ဆေးသည့် တရားခွင်တွင် 
မစ္စတာရော့စ်ဒန်ကလေနှင့်အတူ တရားပြိုင်ပြ သက်သေအဖြစ် မြန်မာတိုင်းမ် 
စာတည်းမှူးချုပ် ဦးဇော်မြင့်တို့က ထွက်ဆိုချက်များ ပေးခဲ့သည်။ ထွက်ဆိုချက်ပေးခဲ့သည့် ဦးဇော်မြင့်နှင့် ဦးဝေလင်း :: 
မစ္စတာရော့စ်ဒန်ကလေဘက်မှ ထွက်ဆိုချက်ပေးခဲ့သည့် မြန်မာတိုင်းမ် 
စာတည်းမှူးချုပ် ဦးဇော်မြင့်နှင့် မြန်မာတိုင်းမ် ပြန်ကြားရေးတာဝန်ခံ 
ဦးဝေလင်းတို့ကို အင်္ဂါနေ့ ဇွန်လ ၁၄ ရက် ၂ဝ၁၁ ခုနှစ် နေ့လည်က တရားခွင်အပြီး 
တွေ့ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ ) အမှုကို ဇွန်လ ၁၆ ရက်နေ့တွင် 
ထပ်မံစစ်ဆေးမည်ဖြစ်ပြီး မစ္စတာ ရော့စ်ဒန်ကလေဘက်မှ တရားပြိုင်ပြ သက်သေအဖြစ် 
နှစ်ဦးထပ်မံ ထွက်ဆိုချက်ပေးမည်ဟု သိရသည်။ ဇေယျာသော်၊ ကိုရဲလွင်နှင့် ဒေါ်စုမွေးနေ့ :: ဟစ်ပ်ဟော့ပ်အဆိုတော် 
ဇေယျာသော် (ဒုတိယဘယ်အစွန်) နှင့် မဇ္ဈိမလှိုင်း တေးဂီတမှ ကိုရဲလွင် 
(အင်္ကျီပြာ) တို့ကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်၌ ပြုလုပ်သော 
ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုသီချင်းဆို ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များအဖြစ်
 ဆောင်ရွက်နေသည်ကို ဇွန်လ ၁ဝ ရက်၊ ၂ဝ၁၁ ခုနှစ်၊ သောကြာနေ့၌ တွေ့ရစဉ် 
(ဓာတ်ပုံ - မဇ္ဈိမ)။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်သည် ဇွန်လ ၁၉  ရက်နေ့တွင် 
၆၆ နှစ် ပြည့်မြောက်မှာဖြစ်သည်။ ထောက်ခံသူများက ကမ္ဘာ့နိုင်ငံ 
အနှံ့အပြားတွင် မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုပွဲများ တပြိုင်တည်း ကျင်းပရန် 
စီစဉ်နေကြသည်။ ဒေါ်စုမွေးနေ့ သီချင်းပြိုင်ပွဲ :: မြန်မာ့ဒီမိုကရေစီခေါင်းဆောင်  
ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် 
မွေးနေ့အတွက် ဂုဏ်ပြုသီချင်း ပြိုင်ပွဲကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ 
သူ၏ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ဇွန်လ ၁ဝ ရက် ၂ဝ၁၁ 
ခုနှစ်၊ သောကြာမနက်တွင် ပြုလုပ်နေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ အကဲဖြတ် 
ဒိုင်များအဖြစ် ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော်၊ ကဗျာဆရာငြိမ်းသစ်နှင့် 
ကိုရဲလွင် (မဇ္ဈိမလှိုင်း) တို့က ဆောင်ရွက်သည်။ ရေမျောလုပ်သားများ သီရိလင်္ကာရေတပ်ကယ် :: စိုက်ဆင်းလေပြင်း 
မုန်တိုင်းဘေးမှ ပြန်လွတ်လာသည့် ဧရာဝတီတိုင်း ရေလုပ်သားများကို ရန်ကုန်ရှိ 
ငါးလုပ်ငန်း ဦးစီးဌာနက မုန့်ဟင်းခါးဖြင့် မနက်စာ ကျွေးမွေးနေသည်ကို ဇွန်လ ၉
 ရက် ၂ဝ၁၁ ခုနှစ်၊ ကြာသပတေး မနက်ပိုင်းတွင် တွေ့ရှိရစဉ် (ဓာတ်ပုံ - 
မဇ္ဈိမ)။  မတ်လအတွင်းက တိုက်ခတ်သော လေပြင်းကြောင့် ဧရာဝတီတိုင်းတွင်းမှ 
မျောပါသွားသော ရေလုပ်သား ၆ဝဝ အနက် ၁၃ဝ နီးပါးကို သီရိလင်္ကာ ရေတပ်က 
ကယ်တင်နိုင်ခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့် 
ပြန်ရောက်လာသည်။ ရေမျောလုပ်သားများ သီရိလင်္ကာရေတပ်ကယ် :: သေကံမရောက် သက်မပျောက်သော 
မြန်မာရေလုပ်သားများ ရန်ကုန်ရှိ ငါးလုပ်ငန်း ဦးစီးဌာနက 
သတင်းစာရှင်းလင်းပွဲ ပြုလုပ်သော အစည်းအဝေးခန်းတွင်း ဇွန်လ ၉ ရက် ၂ဝ၁၁ 
ခုနှစ်၊ ကြာသပတေးမနက်တွင် ဝင်ရောက်လာစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ 
ယခုရေလုပ်သားများကို အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ကြေးငွေများ 
ပေးအပ်ခဲ့ပြီး၊ ပျောက်ဆုံး (သို့မဟုတ်)သေဆုံးသူ ၄၇ဝ ဦး၏ မိသားစုများကို 
ငါးလုပ်ငန်း ဦးစီးဌာနက ကျပ် ၁ သိန်း ၅ သောင်းစီ  ထောက်ပံ့ကြေးပေမည်ဟု 
ဆိုသည်။ ဆင်ဆာဘုတ်၏ မူဝါဒ ပြောင်းလဲမှု အကြောင်း ရှင်းလင်းပွဲ :: ပြန်ကြားရေး 
ဝန်ကြီးဌာနက သတင်းစာဆရာများကို ဖိတ်ကြားကာ ဆင်ဆာဘုတ်၏ မူဝါဒ ပြောင်းလဲမှု 
အကြောင်း ရှင်းလင်းပွဲကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေး 
အဆောက်အဦး၌ ဇွန်လ ၈ ရက် ၂ဝ၁၁ ခုနှစ်၊ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်နေစဉ် 
(ဓာတ်ပုံ - မဇ္ဈိမ)။ အစိုးရကို မထိခိုက်စေလောက်သော ကျန်းမာရေး၊ အားကစား၊ 
နည်းပညာ၊ အနုပညာနှင့် ကလေးများနှင့် ပတ်သက်သည့် အကြောင်းအရာများကိုမူ 
စာပေစိစစ်ရေးထံမှ ခွင့်ပြုချက်ရယူရန် မလိုတော့ဘဲ ထုတ်ဝေဖြန့်ချိခွင့် 
ပြုလိုက်သည်။ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ 
:: စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက 
ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးရုံးတွင် ဗုဒ္ဓဟူးနေ့ ဇွန်လ ၈ ရက်၊ 
၂ဝ၁၁ ခုနှစ်က ပြုလုပ်သော စာပေစိစစ်မူဝါဒများ ပြောင်းလဲ ကျင့်သုံးကြောင်း 
ရှင်းလင်းပွဲတွင် ပြောကြားနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဇွန်လ ၁ဝ ရက်နေ့မှစ၍ 
ပြန်ကြားရေးဝန်ကြီးဌာနက ကျန်းမာရေး၊ အားကစား၊ ကလေး၊ နည်းပညာနှင့် 
အနုပညာဆိုင်ရာ တချို့ကို စာပေစိစစ်ရေးသို့ တင်ပြရန် မလိုဘဲ ဖြန့်ချိခွင့် 
ပြုလိုက်သည်။ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး ဦးဆောင် ညွှန်ကြားရေးမှူး 
ဦးရဲတင့် :: ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး ဦးဆောင် ညွှန်ကြားရေးမှူး 
ဦးရဲတင့် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးရုံး၌ ဇွန်လ ၈ ရက် ၂ဝ၁၁ 
ခုနှစ်၊ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သော စာပေစိစစ်မူဝါဒများ ပြောင်းလဲ 
ကျင့်သုံးကြောင်း ရှင်းလင်းပွဲ၌ ပြောကြားနေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ 
နာမည်ဆိုးလှသော ဆင်ဆာဖြတ်တောက်မှုကို ဖြေလျော့သည့် အနေဖြင့် ဇွန်လ ၁ဝ 
ရက်နေ့မှစ၍ ကျန်းမာရေး၊ အားကစား၊ ကလေး၊ နည်းပညာနှင့် 
အနုပညာဆိုင်ရာအချို့ကို စာပေစိစစ်ရေးသို့ တင်ပြရန် မလိုဘဲ ဖြန့်ချိခွင့် 
ပြုလိုက်သည်။ ထားဝယ် ဧရာမ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်း :: ဒေသတွင်း 
အန်ဂျီအို တခုက ထုတ်ဝေဖြန့်ချီသော နေ့စွဲတပ်မထားသည့် ဓာတ်ပုံတွင် 
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ထားဝယ်၌ ဧရာမ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး
 စီမံကိန်း ပထမ အဆင့်၏ အစိတ်အပိုင်း တရပ်အဖြစ် မြေတူးစက်များ၊ 
ဝန်ချီစက်များကို ရေပေါ် စင်္ကြံ၌ တွေ့ရစဉ်။ ရေလုပ်ငန်းကို အဓိကထား 
လုပ်ကိုင်ခဲ့သည့် ထားဝယ်မြို့ အနီး ကမ်းခြေရှိ တွင်းတူးစက်များက 
ထားဝယ်ဒေသတွင် ပြောင်းလဲမှု ဖြစ်ပေါ်တော့မယ် လက္ခဏာ တခုပင် ဖြစ်သော်လည်း 
ပို၍တိုးတက် ကောင်းမွန်သည့် ပြောင်းလဲမှု ဟုတ်မဟုတ် ဆိုသည်မှာ မသေချာသေးပေ။ 
ထိုင်းနိုင်ငံ၏ အင်အားကြီး စက်မှု ကုမ္ပဏီ တခုက ဦးဆောင် အကောင်အထည် ဖော်မည့်
 ဒေါ်လာ ၈ ဘီလီယံ ကုန်ကျမည့် ထားဝယ် ဖွံ့ဖြိုးရေး ဆယ်နှစ် စီမံကိန်းသည် 
မြန်မာနိုင်ငံအား ဆင်းရဲတွင်းနက်နေမှုမှ နာလန်ထစေမည်ဖြစ်ပြီး ဒေသတွင်း 
ကုန်သွယ်မှုကို တော်လှန်ပြောင်းလဲ စေလိမ့်မည်ဟု လေ့လာသူ တချို့က 
ယုံကြည်နေကြသည်။ ဓာတ်ပုံ- အေအက်ဖ်ပီ (PHOTO/HO) ပျက်စီးသွားခဲ့သော စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၏ ရုံးခန်း :: 
မျက်နှာဖုံးစွပ် သေနတ်သမားသုံးဦးက လောင်ချာဖြင့် ပစ်ခတ်၍ 
ပျက်စီးသွားခဲ့သော မွန်ပြည်နယ် ဘုရားသုံးဆူမြို့မှ စစ်ဘက်ရေးရာ 
လုံခြုံရေးတပ်ဖွဲ့၏ ရုံးခန်းကို တနင်္လာနေ့ ဇွန် ၆ ရက်၊ ၂ဝ၁၁ ခုနှစ်က 
တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ သေနတ်သမားများက တနင်္ဂနွေနေ့က နေရာ ၂ ခုတွင် 
ပစ်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားခဲ့သည်။ မစ္စတာ လီယွန်ချောင်းနှင့် ဦးဋ္ဌေးဦး တွေ့ဆုံ :: တရုတ် ကွန်မြူနစ်ပါတီ
 ပေါ်လစ်ဗျုရိုအဖွဲ့ဝင် မစ္စတာလီယွန်ချောင်း ခေါင်းဆောင်သော ချစ်ကြည်ရေး 
ကိုယ်စားလှယ်အဖွဲ့ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး 
ဦးဋ္ဌေးဦးက ဇွန်လ ၂ ရက် ၂ဝ၁၁ ခုနှစ်၊ ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် 
နေပြည်တော်ရှိ ပါတီဌာနချုပ်၌ လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ 
တရုတ်ဆေးပညာရှင်များက မြန်မာပြည်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး၏ ဒါန 
ခေါင်းစဉ်ဖြင့် အခမဲ့ မျက်စိခွဲစိတ်မှုကို အကူညီပေးရေးနှင့် ပါတီချင်း 
ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှု စာချွန်လွှာနှစ်ခု 
လက်မှတ်ထိုးခဲ့သည်။ မစ္စတာလီယွန်ချောင်းနှင့် ဦးဋ္ဌေးဦး တွေ့ဆုံ :: တရုတ် ကွန်မြူနစ်ပါတီ 
ပေါ်လစ်ဗျုရိုအဖွဲ့ဝင် မစ္စတာ လီယွန်ချောင်း ခေါင်းဆောင်သော ချစ်ကြည်ရေး 
ကိုယ်စားလှယ် အဖွဲ့ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး 
ဦးဋ္ဌေးဦးက ဇွန်လ ၂ ရက် ၂ဝ၁၁ ခုနှစ်၊ ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် 
နေပြည်တော်ရှိ ပါတီဌာနချုပ်၌ လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ တရုတ် 
ဆေးပညာရှင်များက မြန်မာပြည်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး၏ ဒါန ခေါင်းစဉ်ဖြင့်
 အခမဲ့မျက်စိခွဲစိတ်မှုကို အကူညီပေးရေးနှင့် ပါတီချင်း ပူးပေါင်း 
ဆောင်ရွက်မှုတိုးမြှင့်ရေး နားလည်မှု စာချွန်လွှာနှစ်ခု လက်မှတ်ထိုးခဲ့သည်။ 
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်တွင်း ဂျာနယ် ၁ဝ ခုနှင့် ဆင်ဟွာ သတင်းဌာနကိုသာ 
တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။ ဂျွန်မက်ကိန်း သတင်းစာရှင်းလင်း :: အမေရိကန် ဆီးနိတ်အမတ် မစ္စတာ 
ဂျွန်မက်ကိန်းသည် ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရှိ အမေရိကန်စင်တာ၌ သောကြာနေ့ 
ဇွန်လ ၃ ရက် ၂ဝ၁၁ ခုနှစ်၊ မနက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် 
(ဓာတ်ပုံ - မဇ္ဈိမ)။ ဇွန် ၁ ရက်နေ့မှစ၍ ၃ ရက်ကြာ ခရီးစဉ်အဖြစ် 
မြန်မာပြည်သို့ ရောက်ရှိလာခဲ့ရာ ၊မြန်မာ့ဒီမိုကရေစီခေါင်းဆောင် 
ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရအဖွဲ့ ဝန်ကြီးမျာ့းနှင့် 
တိုင်းရင်းသားပေါင်းစုံ လွှတ်တော် အမတ်များနှင့်ပါ တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ ဂျွန်မက်ကိန်း သတင်းစာရှင်းလင်း :: အမေရိကန် ဆီးနိတ်အမတ် မစ္စတာ 
ဂျွန်မက်ကိန်းသည် ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရှိ အမေရိကန်စင်တာ၌ သောကြာနေ့ 
ဇွန်လ ၃ ရက် ၂ဝ၁၁ ခုနှစ်၊ မနက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် 
(ဓာတ်ပုံ - မဇ္ဈိမ)။ ဇွန် ၁ ရက်နေ့မှစ၍ ၃ ရက်ကြာ ခရီးစဉ်အဖြစ် 
မြန်မာပြည်သို့ ရောက်ရှိလာခဲ့ရာ ၊မြန်မာ့ဒီမိုကရေစီခေါင်းဆောင် 
ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရအဖွဲ့ ဝန်ကြီးမျာ့းနှင့် 
တိုင်းရင်းသားပေါင်းစုံ လွှတ်တော် အမတ်များနှင့်ပါ တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ ဂျွန်မက်ကိန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ :: မြန်မာနိုင်ငံသို့
 ရောက်ရှိနေသည့် အမေရိကန် ဆီးနိတ်လွှတ်တော် အမတ် ဂျွန်မက်ကိန်းနှင့် 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် 
သူ၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ဇွန်လ ၂ ရက် ၂ဝ၁၁ ခုနှစ်၊ ကြာသပတေးနေ့တွင် 
တွေ့ဆုံ ဆွေးနွေးအပြီး တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ ဂျွန်မက်ကိန်းသည် 
ဇွန်လ ၁ ရက်၊ ဗုဒ္ဓဟူးနေ့မှစ၍ ၃ ရက်ကြာ မြန်မာပြည် ခရီးစဉ်အဖြစ် 
ရောက်ရှိလာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်း :: မြန်မာနိုင်ငံသို့ 
ရောက်ရှိနေသည့် အမေရိကန် ဆီးနိတ်လွှတ်တော် အမတ် ဂျွန်မက်ကိန်းနှင့် 
တွေ့ဆုံအပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး 
ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ဇွန်လ ၂ ရက် ၂ဝ၁၁ 
ခုနှစ်၊ ကြာသပတေးနေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - 
မဇ္ဈိမ)။ ဂျွန်မက်ကိန်းသည် ဇွန်လ ၁ ရက်၊ ဗုဒ္ဓဟူးနေ့မှစ၍ ၃ ရက်ကြာ 
မြန်မာပြည် ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။ ကျောင်းတွေပြန်ဖွင့်ပြီ :: ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်ကို 
မြန်မာနိုင်ငံတဝှမ်းတွင် ဇွန်လ ၁ ရက် ၂ဝ၁၁ ခုနှစ်၊ ဗုဒ္ဓဟူးနေ့၌ စတင်လိုက်ရာ
 မန္တလေးမြို့ရှိ အမှတ် ၁၃ အခြေခံပညာ အထက်တန်း ကျောင်းရှေ့တွင် 
ကျောင်းသူကျောင်းသားများနှင့် လာရောက်ကြိုသူများကို တွေ့ရစဉ် (ဓာတ်ပုံ - 
မဇ္ဈိမ) ကျောင်းတွေပြန်ဖွင့်ပြီ :: ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်ကို 
မြန်မာနိုင်ငံတဝှမ်းတွင် ဇွန်လ ၁ ရက် ၂ဝ၁၁ ခုနှစ်၊ ဗုဒ္ဓဟူးနေ့၌ စတင်လိုက်ရာ
 မန္တလေးမြို့ရှိ အမှတ် ၁၃ အခြေခံပညာ အထက်တန်း ကျောင်းရှေ့တွင် 
ကျောင်းသူကျောင်းသားများနှင့် လာရောက်ကြိုသူများကို တွေ့ရစဉ် (ဓာတ်ပုံ - 
မဇ္ဈိမ) နာဂလိုဏ်ဂူကျောင်း စာသင်နှစ် စတင် :: ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်အတွက် 
ရန်ကုန် နာဂလိုဏ်ဂူ ဘုန်းကြီးကျောင်းတွင် သူငယ်တန်းမှ ၁ဝ တန်းအထိ 
တက်ရောက်မည့် သာမဏေ ၆၀၀ ကျော်နှင့် သီလရှင် ၂၀၀ ကျော်ကို ဇွန်လ ၁ ရက် ၂၀၁၁ 
ခုနှစ်၊ ဗုဒ္ဓဟူးနေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ သင်တန်းသားများအတွက် 
ကျောင်းထိုင် ဆရာတော်နှင့် အလှူရှင်များက စာအုပ်များနှင့် 
ကျောင်းသုံးပစ္စည်းများ လှူဒါန်းသည်။ သင်ကြားပေးသော ဆရာအချို့မှာ 
၎င်းကျောင်းထွက်များဖြစ်ပြီး၊ တက္ကသိုလ်မှ ဘွဲ့များ ရရှိကာ လုပ်အားပေးအဖြစ် 
လာရောက်ခြင်း ဖြစ်သည်။ နာဂလိုဏ်ဂူကျောင်း စာသင်နှစ် စတင် :: ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်အတွက် 
ရန်ကုန် နာဂလိုဏ်ဂူ ဘုန်းကြီးကျောင်းတွင် သူငယ်တန်းမှ ၁ဝ တန်းအထိ 
တက်ရောက်မည့် သာမဏေ ၆၀၀ ကျော်နှင့် သီလရှင် ၂၀၀ ကျော်ကို ဇွန်လ ၁ ရက် ၂၀၁၁ 
ခုနှစ်၊ ဗုဒ္ဓဟူးနေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ သင်တန်းသားများအတွက် 
ကျောင်းထိုင် ဆရာတော်နှင့် အလှူရှင်များက စာအုပ်များနှင့် 
ကျောင်းသုံးပစ္စည်းများ လှူဒါန်းသည်။ သင်ကြားပေးသော ဆရာအချို့မှာ 
၎င်းကျောင်းထွက်များဖြစ်ပြီး၊ တက္ကသိုလ်မှ ဘွဲ့များ ရရှိကာ လုပ်အားပေးအဖြစ် 
လာရောက်ခြင်း ဖြစ်သည်။ နာဂလိုဏ်ဂူကျောင်း စာသင်နှစ် စတင် :: ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်အတွက် 
ရန်ကုန် နာဂလိုဏ်ဂူ ဘုန်းကြီးကျောင်းတွင် သူငယ်တန်းမှ ၁ဝ တန်းအထိ 
တက်ရောက်မည့် သာမဏေ ၆၀၀ ကျော်နှင့် သီလရှင် ၂၀၀ ကျော်ကို ဇွန်လ ၁ ရက် ၂၀၁၁ 
ခုနှစ်၊ ဗုဒ္ဓဟူးနေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ သင်တန်းသားများအတွက် 
ကျောင်းထိုင် ဆရာတော်နှင့် အလှူရှင်များက စာအုပ်များနှင့် 
ကျောင်းသုံးပစ္စည်းများ လှူဒါန်းသည်။ သင်ကြားပေးသော ဆရာအချို့မှာ 
၎င်းကျောင်းထွက်များဖြစ်ပြီး၊ တက္ကသိုလ်မှ ဘွဲ့များ ရရှိကာ လုပ်အားပေးအဖြစ် 
လာရောက်ခြင်း ဖြစ်သည်။

No comments:

Post a Comment